သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းအားလုံးပဲ Forever Friends ပရဟိတအဖွဲ့လေးကို တစ်တပ်တစ်အား ၀ိုင်းဝန်းဆောင်ရွက်ကြရအောင်...
အောက်မှာကတော့လုပ်ခဲ့ပြီးတာတွေနဲ့ လုပ်မဲ့ အစီအစဉ်တွေပါ အားလုံးပဲ သဘောတူပြီး ၀ိုင်းဝန်းလုပ်ဆောင်ကြမယ်လို့မျှော်လင့်ပါတယ်:-D
#Group Leader1. aung myo myat 2. than soe aung 3. myo thuzar tun(or)bay lay 4.khine kyi thet 5.aye myint thu
leader တွေလုပ်ထားတယ်ဆိုတာက အဖွဲ့ရဲ့ လုပ်မဲ့ကိစ္စတွေကို ဆုံးဖြတ်ကြပြီး အဲဒီဆုံးဖြတ်ချက်တွေကို ကျန်တဲ့သူအားလုံးက မဲစနစ်နဲ့လုပ်ဆောင်ဖို့ပါ ဘယ်ကိစ္စမဆို အကုန်လုံးမဲအရေအတွက်နဲ့လုပ်ဆောင်သွားပါ့မယ်

#Bank Account Number
Aya Bank - 0007 2020 1006 9459
KBZ Bank - 0253 0199 9181 1650 1
Aya Bank - 0007 2020 1006 9459
KBZ Bank - 0253 0199 9181 1650 1
#Donate
တစ်လကို 5000 (fix) နဲ့ ထည့်သွားကြပါမယ်
( လတစ်လအစတိုင်း ၁ရက်နေ့မှ ၅ရက်နေ့အတွင်းထည့်ပေးကြပါ group fund အတိုးလေးရစေချင်လို့ပါ )
ဘဏ်ကို ခဏခဏမသွားချင်သူများလဲ မိမိတက်နိုင်သလောက် ဥပမာ ၃လစာဆို ၃လစာ ၆လစာဆို ၆လစာ တစ်ခါထဲပေါင်းပြီး ထည့်ထားနိုင်ပါတယ်
အကယ်ရ 5000 အထက် ထည့်ချင်တဲ့သူရှိပါက ကိုယ့်ထည့်မယ့် amount ကို ဘေးလေး အားပြောပြကာ အဲဒီ amount ပဲ လတိုင်းထည့်သွားပါ(တစ်လကို ငွေamount တစ်မျိုးစီဖြစ်ပါက စာရင်းမှတ်တဲ့သူအဆင်မပြေလို့ပါ)

#Donate Way
အလှူငွေအား အောက်ပါနည်းလမ်းတစ်ခုခုဖြင့်ထည့်နိုင်ပါတယ်
- မိမိတို့နီးစပ်ရာ ဘဏ်မှာ ထည့်ခြင်း
- ဘဏ်မသွားနိုင်ပါက မိမိတို့နီးစပ်ရာ ဘဏ်သွားမည့် သူငယ်ချင်းအိမ်သွားပေးခြင်း
- ဘဏ်လဲမသွားနိုင် သူငယ်ချင်းအိမ်လဲ မသွားနိုင်သူရှိပါက ဘဏ်သွားမည့် သူငယ်ချင်းဆီသို့ ဖုန်းငွေဖြည့်ကဒ်နှင့် အလှူငွေထည့်ခြင်း
(အကောင်းဆုံးကတော့ ဘဏ်ကိုပဲကိုယ်တိုင်သွားထည့်ပေးစေချင်ပါတယ် တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်နာရီ နှစ်နာရီလောက်ပဲ အချိန်ပေးရမှာပါ အရင် group ရပ်သွားတာကလဲ ပိုက်ဆံ လိုက်ကောက်ရတဲ့ အခက်အခဲတွေကြောင့်ပါပါတယ် ပရဟိတလုပ်ခြင်းဖြစ်တဲ့အတွက် အကြွေးတောင်းသလိုချည်း လိုက်ကောက်ရရင် အဆင်မပြေပါဘူး သူငယ်ချင်းတို့)

#After Donate
- အလှူငွေထည့်ပြီးတိုင်း ဘဏ်စာရွက်ဖြစ်စေ ၊ mbanking နဲ့လွှဲရင် screen shot ဖြစ်စေ ၊သူငယ်ချင်းဆီသွားပေးရင် ဘယ်သူ့ဆီပေးခဲ့တယ်ဆိုတဲ့စာလေးဖြစ်စေ ၊ ဖုန်းဘေလ် နဲ့ဆို ကဒ်ကို ဓာတ်ပုံရိုက်၍ဖြစ်စေ group messenger မှာ တင်ပေးကြပါ(bay lay က group message တွေကြည့်ပြီး စာရင်းမှတ်ရမှာမို့ပါ)

#Donate Plan
၁ နှစ်ကုန်တိုင်း ၁ကြိမ်ပဲလှူပါ့မယ်(တစ်ခါလှူ ဆို ဆိုသလောက် များများလှူလို့ရအောင်လို့ပါ)
လှူမဲ့နေရာကို leader တွေ ဆွေးနွေးပြီး ကျန်တဲ့အဖွဲ့သားတွေအားလုံးရဲ့ မဲများတဲ့ နေရာပဲ သွားလှူကြပါမယ်

အခုလက်ရှိအစီအစဉ်တွေကတော့ဒီလောက်ပါပဲ
အားလုံး တစ်တပ်တစ်အား ၀ိုင်းဝန်းဆောင်ရွက်ကြမယ်သူငယ်ချင်းတို့

Comments
Post a Comment